Sunday, December 15, 2013

ညစာစားရင် ရောဂါ ပိုဖြစ်မယ်


================
ညစာစားရင် လူတွေကို ရောဂါဘယပိုဖြစ်စေတယ်။ လူအများက ညဆာပြီဆိုရင် အစာစားရတယ်လို့ ထင်ထားကြတယ်။ တကယ်တော့ ဒီလိုမဟုတ်ဘူး။ ညဆာရင် အစာမစားတာကမှ ပုံမှန်ပါ။ (၁၄၁၈)ခုနှစ်က မင်မင်းဆက်တစ်ပါးရဲ့ မှူးမတ်ကြီးတစ်ဦး အသက်(၃၇)နှစ်နဲ့ သေသွားတယ်။ အဲဒီမှူးမတ်က ပညာရှိအမတ်၊ စာပေကျမ်းဂန်တွေ တတ်သိနားလည်သလို ဘုရင်ရဲ့စိတ်အချရဆုံးသူလည်းဖြစ်တယ်။ အဲဒီမှူးမတ်ရဲ့အကျင့်တစ်ခုက ညစာမစားရ မနေနိုင်တာပဲ။ ညစာကို ကောင်းကောင်းမွန်မွန်သူစားတယ်။ နောက်ဆုံး ရောဂါပေါင်းစုံဖြစ်ပြီး သေသွားတာပဲ။

တရုတ်ဆေးဆရာဝန်တွေ၊ ဘုန်းကြီးတွေက ညစာမစားကြဘူး။ မွန်းတည့်ချိန်လွန်တာနဲ့ အစာမစားကြတော့ဘူး။ မွန်းတည့်ချိန်ဆိုတာက "၁၁နာရီ-- ၁နာရီ"ကိုပြောတာ။ ၁နာရီလွန်တာနဲ့ ထမင်းမစားကြတော့ဘူး။ ဆာရင်တော့ အသီးစားတယ်၊ အသီးဖျော်ရည်သောက်တယ်။ ဒါဟာ အစာကိုချွေတာနေတာ မဟုတ်ဘူး။ ခန္ဓာကိုယ်ကျန်းမာဖို့ပါ။

ဆိုရိုးစကားတစ်ခုက "မြင်းတွေဟာ ညစာမစားရင် မဝဘူး"လို့ ဆိုထားတယ်။ အဲဒီလိုပဲ လူတွေလည်း ညစာမစားရင် မဝဘူး။ ခုခေတ်မှာတော့ ဝတဲ့လူတွေက ပိုပိုများလာတယ်။ အမေရိကန်က ၆ဝ%လူတွေက လူဝတွေပဲလို့ဆိုတယ်။ အမေရိကန်လူမျိုးတွေက အစားကို များများမစားဘူး။ ဒါနဲ့ ဘာလို့ဝနေကြလဲ? အကြောင်းက သူတို့ဟာ ညစာ၊ ညလယ်စာစားတဲ့ အကျင့်ရှိလို့။ ဘာဖြစ်လို့ ညစာ၊ ညလယ်စာစားရင် ဝတတ်သလဲ? လူတွေစားလိုက်တဲ့ အစားအစာတွေဟာ ညအိပ်ချိန်မှာ ကယ်လိုရီတွေ မလောင်ကျွမ်းနိုင်တော့ဘူး။ ဒါကြောင့် စားတဲ့အစားအစာတွေဟာ အဆီအဖြစ်ပြောင်းသွားတယ်။ ဒီအဆီတွေက ကျောက်ကပ်မှာ သွားခိုတယ်။ အရေပြားအောင်၊ သွေးထဲ၊ နှလုံးကြွက်သားထဲ၊ အသည်းထဲ သွားခိုတယ်။ အဆီများတော့ ဗိုက်က တဖြေးဖြေးပူပူပြီး ဝလာတယ်။ ဒါဟာ ခန္ဓာကိုယ်ရဲ့လည်ပတ်၊ လုပ်ဆောင်အားတွေကို ကျဆင်းစေပါတယ်။

Love BUDS

https://www.facebook.com/medicalarticlesforpeople မှ ကူးယူဖော်ပြပါသည်။

ဘာကြောင့်နှာစေးရသလဲ


==============
(၁) ပြင်ပအရာဝတ္ထုများ ၀င်ရောက်ခြင်း
နှာခေါင်းတွင်းသို့ ပြင်ပအရာဝတ္ထုများ ၀င်လာပါက အဆက်မပြတ်နှာချေပြီး နှာရည်ဆက်တိုက်ကျတတ်သည်။ နှာခေါင်းတွင်းဝင်ရောက်လာသည့်ဖုန်၊ မှုန်၊ အနံ့များသည် မိမိနှင့်ရင်းနှီးမှုမရှိဘဲ စူးရှပါက နှာချေခြင်း။ နှာရည်ယိုခြင်း ပိုဖြစ်တတ်သည်။

(၂) ရာသီဥတုအေးခြင်း
အေးသည့် လေထုသည် နှာခေါင်းတွင်းနံရံကို လှုံ့ဆော်သောကြောင့် နှာခေါင်းတွင်း အရည်ကျိတ်များ အလုပ်ပိုလုပ်ပြီး နှာရည်ယိုလေ့ရှိသည်။

(၃) ၀က်သက်နှင့် ဂျိုက်သိုး
ဝက်သက်ဗိုင်းရပ်စ် ကူးစက်ခံရသည့်အခါ ခံစားရသည့် လည်ချောင်းနာခြင်းနှင့် မျက်လုံးရောင်ရမ်းခြင်းတို့ ဖြစ်တတ်သည်။
ဂျိုက်သိုးဗိုင်းရပ်စ်ကြောင့်လည်း နှာရည်ယိုတတ်ပြီး အဆစ်ကိုက်ခြင်း၊ သငန်ရည်ကျိတ်ရောင် ခြင်းနှင့် အနီစက်ထခြင်းတို့ပါ ခံစားရတတ်သည်။

(၄) တုပ်ကွေး
တုပ်ကွေးဗိုင်းရပ်စ် ကူးစက်ခံရသည့် အခါတွင်လည်း နှာရည်ယိုခြင်း၊ လည်ချောင်းနာခြင်းကို အဓိကခံစားရသည်။

(၅) ထိပ်ကပ်နာ
အသက်ရှူလမ်းကြောင်းနှင့် ဆက်စပ်နေသည့် ဦးခေါင်းခွံ ဂလိုင်ခေါင်းများအတွင်း ရောဂါပိုးဝင်ရောက်ကာ ရောင်ရမ်းခြင်းကြောင့် ထိပ်ကပ်နာ ခံစားရလေ့ရှိသည်။ ထိပ်ကပ်နာ ဖြစ်သည်နှင့် နာရည် အကျဲဖြစ်စေ၊ အပျစ်ဖြစ်စေ၊ အဆက်မပြတ် ကျဆင်းလေ့ရှိသည်။

ဇော်ကို
Ref: discovery
Health Updates Journal

ခံတွင်းနံ့ထွက်စေသည့် အကြောင်းရင်းများ


=======================
အသီးအနှံနှင့် ဟင်းသီးဟင်းရွက်များသည် ခံတွင်းနံ့ဆိုးခြင်းကို သက်သာစေသည်။ အသီးအနှံများတွင် ရေဓာတ်ကြွယ်ဝသောကြောင့် ခံတွင်းကိုစိုစွတ်စေပြီး ခံတွင်းနံ့ထွက်စေသည့် ပစ္စည်းများကို ကျဲသွားစေသည်။သို့သော် ကြက်သွန်ဖြူစားသည့်အခါ အနံ့ထွက်စေသည့် ပစ္စည်းများသွေးထဲဝင်ရောက်ပြီး ဓာတ်ငွေ့အဖြစ် အသွင်ပြောင်းကာ ခံတွင်းနံ့ဆိုးစေသည်။
လက်ဖက်စိမ်းရည် (green tea) တွင် ပါဝင်သည့် polypheno ဓာတ်များသည် သွားအခေါင်းပေါက် ဖြစ်ခြင်းကို ကာကွယ်ပေးပြီး ခံတွင်းနံ့ဆိုးခြင်းကို ကာဆီးပေးသည်။
အသားများများစားလျှင် ခံတွင်း နံ့ဆိုးသည်။ အသားနှင့် ဒိန်ခဲများမှ ပရိုတင်းအကြွင်းအကျန်များသည် ခံတွင်းနံ့ဆိုးစေသည်။
တံတွေးရည်သည် ခံတွင်းထဲရှိ အစားအစာများကို ဆေးကြောပေးသည်။ ထို့ကြောင့် ရေသောက်နည်းပြီး အာခြောက်လေ့ရှိသူများသည် ခံတွင်းနံ့ ပိုဆိုးတတ်သည်။ ဈေးကွက် အတွင်းရရှိနိုင်သည့် ဆေးအမျိုးပေါင်း (၄၀၀)ခန့်သည် အာခြောက်စေသည်။ အာခြောက်သောကြောင့် ဘက်တီးရီးယားပွားများပြီး ခံတွင်းနံ့ဆိုးစေသည်။
အာသီးရောင်သည့်အခါ အာသီးတွင် လာကပ်သည့် အနည်များသည် ခံတွင်းနံ့ဆိုးစေသည်။
သွားအတုတပ်သည့်အခါ သေသေချာချာ မသန့်စင်ထားလျှင် အနံ့ ထွက်စေသည်။ ဖြုတ်တပ်နိုင်သည့် အံကပ်များကို တိုက်ချွတ်၍ ပိုးသတ်ဆေးရည်ထဲစိမ်ထားသင့်သည်။
သွားဖုံးရောင်သည့်အခါတွင်လည်း ခံတွင်းနံ့ဆိုးသည်။ နာတာ ရှည်သွားဖုံးရောင်နေလျှင် သွားဆရာဝန်နှင့်ပြသင့်သည်။

ေေေ  ဇော်ကို
Ref: WebMD
Health Updates Journal


https://www.facebook.com/medicalarticlesforpeople မှ ကူးယူဖော်ပြပါသည်။

Saturday, October 19, 2013

မင်းတုန်းမင်းမှ အမေရိကန်သမ္မတထံ ပေးပို့ခဲ့သော သ၀ဏ်လွှာ(၁၈၅၆ ခုနှစ်)

 
 Letter From the King and Court of Ava to the President of the United States (Franklin Pierce or James Buchanan?) 1856 - 1857














ရာဇာဓိ ရာဇာ
Myanmar Historical Archive
http://www.myanmaronlinenews.net/2013/10/blog-post_9716.html မှ ကူးကူဖော်ပြပါသည်။

Thursday, October 17, 2013

မဟတ္တမ ဂန္ဒီအကြောင်း

ကိုယ်ရေးရာဇ၀င်

1 









Gandhi ရဲ့အမည်အရင်းကတော့ Mohandas Karamchand Gandhi ဖြစ်ပေမယ့် အများစုကတော့ Mahatama Gandhi လို့ပဲ အသိများပါတယ်။ Mahatama ဆိုတဲ့ အဓိပ္ပါယ်ကတော့ နိုင်ငံ့ရဲ့ခေါင်းဆောင် ဖခင်ကြီးလို့ အမည်ရပါတယ်။ Gandhi ကို ချစ်ခင်ကြသူများကတော့ Bapu လို့ ခေါ်ကြပါတယ်။ Bapu ဆိုတာကတော့ Hindi လို အဖေကြီးလို့ အဓိပ္ပါယ်ရပါတယ်။ Gandhi ကို ၁၈၆၉ခုနှစ် အောက်တိုဘာလ (၂) ရက်နေ့မှာ မွေးဖွားခဲ့ပြီး မွေးချင်းထဲမှာ အငယ်ဆုံးသားဖြစ်ပါတယ်။ သူ့ရဲ့ဖခင်ဖြစ်သူမှာ ဇနီး ၄ ယောက် ရှိပြီးတော့ Gandhi ဟာ အငယ်ဆုံးဇနီးရဲ့ သားအငယ်ဆုံးဖြစ်ပါတယ်။ ငယ်ရွယ်စဉ်အခါတုန်းက Gandhi ဟာ အလွန်အရှက်အကြောက်စိတ်ကြီးသူ၊ အပြောချိုသာသူ၊ လိမ္မာပါးနပ်သူ လူငယ်တစ်ဦးဖြစ်ခဲ့ပါတယ်။

7သူငယ်စဉ်အခါ ၁၃ နှစ် လောကကြီးကိုနားမလည်စဉ် အချိန်အခါတုန်းက အခြားလူငယ်လူရွယ် ဆယ်ကျော် သက်များနည်းတူ ဆေးလိပ်၊ အရက်၊ လောင်းကစားအချို့ကို စမ်းသပ်သုံးစွဲခဲ့ပါတယ်။ ဒါပေမယ့်လည်း စိတ်ဓာတ်အခြေခံကောင်းသူ တစ်ယောက်ဖြစ်တဲ့ Gandhi ဟာ ထိုအရာများကို စွဲသွားခြင်းမရှိခဲ့ပဲ ဘ၀တိုး တက်မှုအတွက် ဆူးညောင့်ခလုတ်များကဲ့သို့သာ သဘောထားခဲ့ပါတယ်။ အဲဒီနောက် Gandhi အသက် ၁၅ နှစ် အရွယ်လောက်မှာ Indian လူမျိုးတွေရဲ့ ထုံးတမ်းအစဉ်အလာတစ်ခုဖြစ်သော Kasturba လို့ခေါ်တဲ့ နှစ်ဖက် မိဘများရဲ့ သဘောကျ အလိုအရအတိုင်း လက်ခံလိုက်နာရတဲ့ ထိမ်းမြားလက်ထပ်ပေးခြင်းကို ခံခဲ့ရပါတယ်။ Gandhi ရဲ့ ရှေးဘ၀ပေးကုသိုလ်ကံကောင်းမှုကြောင့် သူရဲ့ကြင်ဖက်ဇနီးမယားဟာ သူ့ဘ၀အတွက် အဖော်မွန် ကောင်းတစ်ယောက်ဖြစ်ခဲ့ပါတယ်။ သူမနဲ့ Gandhi ဟာ သားသမီးရတနာ ၄ ဦး ထွန်းကားခဲ့ပါတယ်။


London ပညာသင်ခရီးစဉ်

G
2andhi အသက် ၁၈ နှစ် အရွယ်ရောက်တဲ့အချိန် ၁၈၈၈ ခုနှစ် စက်တင်ဘာလလောက်မှာတော့ တရားရုံး ချုပ်ဥပဒေ ရှေ့နေကြီးတစ်ဦးဖြစ်ဖို့အတွက် London သို့ သွားရောက် ပညာသင်ကြားခဲ့ပါတယ်။ London မြို့ကို စစရောက်ချင်း ၃ လလောက်တုန်းကတော့ British လူမျိုးတွေလိုပဲ ၀တ်စားဆင်ယင်ခဲ့သလို ထိုလူတွေလို အကသင်တန်းများ၊ တယောထိုးသင်တန်းများတက်ရောက်ပြီး သင်ကြားလေ့လာခဲ့ပါတယ်။ ဒါပေမယ့်လည်း အပျော်အပါးအဆောင်အယောင်များကို ငြီးငွေ့သွားသူ Gandhi ဟာ သူ့ရဲ့ကျန်ရှိနေတဲ့ စာသင်နှစ် ၂ နှစ်ကျော်ကာလကို လူမသိသူမသိပုံစံမျိုး အနေအထိုင်ငြိမ်ဝပ်ပိပြားစွာနဲ့ပဲ ဥပဒေပညာရပ်ကို တလေးတစားနဲ့ အပတ်တကုတ်ကြိုးစား လေ့လာသင်ယူပြီးတော့ ကျော်ဖြတ်ခဲ့ပါတယ်။ London မှာ နေထိုင်နေစဉ်အတွင်းမှာပဲ သားကြီးငါးကြီးများစားသုံးခြင်းကို ရှောင်ကြဉ်ပြီးတော့ သတ်သတ်လွတ်စားတတ်သော အကျင့်ကိုရရှိခဲ့ပါတယ်။ သူငယ်ချင်းတွေက အသားစားဖို့တိုက်တွန်းပြီး အစားအသောက်ကောင်းတွေ ရနိုင်တဲ့ဆိုင်တွေကို ခေါ်သွားခဲ့ပေမဲ့လည်း ဟင်းသီးဟင်းရွက် ရနိုင်တဲ့ဆိုင်တွေမှာပဲ ကျင်လည်ခဲ့ပါတယ်။

4ဒီလိုနဲ့ပဲ Gandhi ဟာ တဖြည်းဖြည်းနဲ့ ဘာသာရေးလိုက်စားသူ တစ်ဦးဖြစ်လာခဲ့ပြီး သူ့အားလပ်ချိန်တွေမှာ ဘာသာရေးစာအုပ်တွေနဲ့ပဲ အချိန်ကုန်ခဲ့ပါတယ်။ Gandhi ရဲ့ စိတ်ဓာတ်ကြံခိုင်စွာနဲ့ ကြိုးစားခဲ့မှုတွေကြောင့် ၁၈၉၁ ခုနှစ် ဇွန်လမှာ ဥပဒေစာမေးပွဲကို ဖြေဆိုအောင်မြင်ခဲ့ပြီး မွေးရပ်မြေကိုပြန်သွားခဲ့ပါတယ်။ မွေးရပ်မြေ ပြန်ရောက်ချိန်မှာတော့ သူတတ်တဲ့ဥပဒပညာနဲ့ အလုပ်ရဖို့ ကြိုးစားခဲ့ပေမယ့်လည်း India နိုင်ငံနဲ့ပက်သက် ပြီး အတွေ့အကြုံ ဗဟုသုတနည်းနေသေးလို့ အဆင်မပြေမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒီလိုနဲ့ဥပဒေပညာရပ် နဲ့ အသက်မွေးဝမ်းကျောင်းပြုဖို့အတွက် British လူမျိုးတွေရဲ့ အုပ်စိုးမှုအောက်မှာပဲရှိနေသေးတဲ့ Africa နိုင်ငံကို ပို့ဆောင်ပြီးတော့ ဥပဒေပညာရပ်ကို ဆက်လက်လေ့လာသင်ယူစေခဲ့ပါတယ်။ ဒီလိုအခွင့်အရေးမျိုးကို Gandhi ဟာ အလွန်တန်ဖိုး ထားပြီးတော့ အာဖရိကမှာ ဥပဒေပညာရပ်ကို အပတ်တကုတ်ဆက်လက် ကြိုးစားလေ့လာခဲ့ပါတယ်။
Africa တွင် နေထိုင်စဉ်

3Gandhi တစ်ယောက် Africa ကို ရောက်တဲ့အချိန်မှာတော့ သူ့ရဲ့ အသက်ဟာ ၂၃ နှစ်လောက်ရှိနေပြီ ဖြစ်ပါတယ်။ အာဖရိကမှာ ရောက်ရှိနေတဲ့ Gandhi ရဲ့ ပညာရေးခရီးစဉ်ကတော့ Gandhi ကို အလွန် အေးပြီး အရှက်အကြောက်ကြီးသူအဖြစ်ကနေ ပြောရဲဆိုရဲရှိပြီး ဦးဆောင်နိုင်စွမ်းရှိသူ တစ်ယောက်အဖြစ် အသွင်ပြောင်းပေးခဲ့တာပဲဖြစ်ပါတယ်။ Gandhi ဒီလိုမျိုးပြောင်းလဲသွားခဲ့ရတဲ့ အကြောင်းအရင်းကတော့ Africa မှာ သူကိုယ်တိုင်တွေ့ကြုံခံစားလိုက်ရတဲ့ လူတန်းစားခွဲခြားမှုနဲ့ India လူမျိုးများကို နှိမ့်ချဆက်ဆံ တာကြောင့်ပဲဖြစ်ပါတယ်။ Africa ကိုရောက်နေစဉ်မှာ Gandhi ဟာ အများသုံးရထားနဲ့ ဘတ်စ်ကား များကို အသုံးပြုပြီး တစ်နေရာမှတစ်နေရာသို့ သွားရောက်ခဲ့ရပါတယ်။ ပထမဦးဆုံးအကြိမ် Gandhi ဟာ ရထားလမ်းပို့ဆောင်ရေးနဲ့ သွားခဲ့တဲ့အခါမှာ သူဝယ်ထားတဲ့လက်မှတ်က ပထမတန်းစားနေရာကနေ လိုက်ပါနိုင်ခွင့်ရှိသူလက်မှတ် ဖြစ်ပေမယ့် လည်း Britain ရဲအရာရှိများက သူ့ကိုတတိယတန်းစားနေရာမှာသာ လိုက်ပါစီးနင်းဖို့ကို အတင်းအကြပ်ပြောဆိုခဲ့ပါတယ်။ မဟုတ်မခံစိတ် ရှိသူနဲ့ မိမိကိုယ်ကိုယုံကြည်သူ Gandhi ဟာ သူ့ကိုနေရာပြောင်းစီးခိုင်းတဲ့ ရဲအရာရှိအင်္ဂလိပ်ကို သူဟာရှေ့နေတစ်ယောက်ဖြစ်ကြောင်း ကြိုးစားရှင်းပြခဲ့ပေမယ့်လည်း ရဲအရာရှိကသူ့ကို လူဖြူလူမဲခွဲခြားပြီးတော့ ပထမတန်းစားထိုင်ခုံမှာ လိုက်ပါစီးနင်းခွင့်မရှိဘူးလို့ဆိုပြီး ရက်စက် စွာရထားပေါ်မှ တွန်းချခြင်းခံခဲ့ရပါတယ်။

5အဲ့ဒီလိုမျိုး မတရားသဖြင့်ခံခဲ့ရတာကို Gandhi ဟာ ရင်ထဲမှာ အင်မတန်မှနာကြည်း ခံစားခဲ့ရပါတယ်။ ဒီလိုနဲ့ Gandhi ဟာ Africa မှာရောက်နေတဲ့ Indian အထက်လူကြီးအချို့နဲ့ စကားစမြည်ပြောဆို ကြည့်တဲ့အခါမှာတော့ Africa ရောက် Indian တွေ ခံစားနေရတဲ့ ပိုပြီးဆိုးရွားတဲ့အခြေအနေတွေကိုပါ သိရှိခဲ့ရပါတယ်။ အဲ့ဒီမှာရောက်နေကြတဲ့ Indian လူမျိုးတွေဟာ လူဖြူလူမဲ ခွဲခြားခြင်းခံနေရပြီးတော့ လူဖြူတွေရှိနေတဲ့ ပလက်ဖောင်းတွေပေါ်မှာတောင် လမ်းလျှောက်ခွင့်မရခဲ့တာကို သိရှိခဲ့ရပါတယ်။ အဲဒီလိုမျိုး မတရားမှုတွေဟာ လွတ်လပ်ရေးကို တိုက်ယူနိုင်ဖို့အတွက် Gandhi ကို အားအင်တွေပိုပို တိုးစေခဲ့ပါတယ်။ ဒီလိုနဲ့ Gandhi ဟာ အာဖရိကရောက် Indian တွေကို လွတ်လပ်ရေးတိုက်ယူဖို့ အတွက် စည်းရုံးပွဲတွေ၊ ဟောပြောပွဲတွေ စတင်ပြုလုပ်ခဲ့ပါတယ်။ ပထမဆုံးခြေလှမ်းအနေနဲ့ အာဖရိကရောက် Indian လူမျိုးတွေကို စုစည်းပြီး တော့ ဟောပြောပွဲတစ်ခုပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီဟောပြောပွဲမှာ Indian လူမျိုးတွေဟာ သူတို့နဲ့သူတို့ရဲ့ ဇနီးသားသမီးတွေ မတော်မတရား ပြုကျင့်ခံနေရမှုတွေကို တင်ပြခဲ့ပြီးတော့ British လူမျိုးတွေကို ပြန်လည်တိုက်ခိုက်မည်ဆိုသော အဆိုများကိုတင်သွင်းခဲ့ပါတယ်။

6ဒါပေမယ့်လည်း Gandhi က ''They may torture my body , break my bones , even kill me , then they will have my dead bodies not my obediences." လို့ ပြောဆိုပြီးတော့ Indian လူမျိုးများကို သိမ်းသွင်းခဲ့ပါတယ်။ ဆိုလိုတာကတော့ British လူမျိုးများ ဘယ်လောက် ညင်းပန်းနှိပ်စက်ပါစေ Indian လူမျိုးများဘက်မှ တုန့်ပြန်မှုမပြုဘူးဆိုရင် British တွေ ဒီ့ထက် ပိုပြီး ဘာမှလုပ်နိုင်မှာ မဟုတ်ကြောင်းကို ပြောပြခဲ့တာပဲဖြစ်ပါတယ်။ ဒါ့အပြင် Gandhi က မတရားသဖြင့် ညင်းပန်းနှိပ်စက်သူတွေကို သူတို့လုပ်ရပ်တွေကို သူတို့ကိုယ်တိုင်သိပြီး အရှက်ရ ပါစေ၊ လက်နက်အင်အား၊ လူအင်အားသုံးပြီး မတုံ့ပြန်ပါနဲ့လို့ ပြောဆိုစည်းရုံး သိမ်းသွင်းခဲ့ပါ တယ်။ အဲဒီလိုမျိုး အားပေးသိမ်းသွင်းမှုများကို Indian လူမျိုးတွေလည်း တဖြည်းဖြည်းနဲ့ လက်ခံလာပြီးတော့ Gandhi နဲ့အတူ လွတ်လပ်ရေးကို အကြမ်းမဖက်တဲ့နည်းနဲ့ တိုက်ခိုက်ခဲ့ကြပါတယ်။ English လူမျိုးများလည်း ဘယ်လိုမှ မတတ်နိုင်တော့တဲ့နောက် Gandhi နဲ့ အဖွဲ့သားများကို အချုပ်ကြစေခဲ့ပါတယ်။ ဒါပေမယ့်လည်း နိုင်ငံအတွင်းမှာ ပိုမိုပြင်းထန်တဲ့လှုပ်ရှားမှုတွေ ဖြစ်လာခဲ့တာမို့ Gandhi ကို အချုပ်ကြနေရာမှ လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီးတော့ India နိုင်ငံ Bombay မြို့ကို ပြန်လည်ထွက်ခွာစေခဲ့ပါတယ်။ 

လွတ်လပ်ရေး လှုပ်ရှားပုံများ

12Gandhi ဟာ India ကို ပြန်ရောက်လာတဲ့အချိန်မှာတော့ ၁၉၁၅ ခုနှစ်ဦးပိုင်းကို ရောက်ရှိနေပြီပဲ ဖြစ်ပါတယ်။ Indian လူမျိုးများဟာ သူတို့ရဲ့ဖခင်ကြီး Gandhi ကို တခမ်းတနားနဲ့ ကြိုဆိုခဲ့ကြပါတယ်။ ဒါပေမယ့်လည်း လမ်းတစ်လျှောက်လုံးမှာ Gandhi တွေ့ရှိခဲ့တာကတော့ ဆင်းရဲနွမ်းပါးခြင်းဒဏ်ကို ခံစားနေရတဲ့ သူ့လူမျိုးများပဲဖြစ်ပါတယ်။ ထိုကဲ့သို့သောမြင်ကွင်းများကြောင့် Gandhi တစ်ယောက် အတော်စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။ ဒီလိုနဲ့ India လူမျိုးများ လွတ်လပ်ရေးရဖို့အတွက် ပိုမိုကြိုးစား ဆောင်ရွက်သွားရတော့မယ်လို့ စိတ်ပိုင်းဖြတ်ခဲ့ပါတယ်။ တစ်နေ့မှာတော့ Gandhi နေထိုင်ရာအရပ်ကို English လူမျိုးများရဲ့ ငြင်းပန်းနှိပ်စက်ခြင်းကိုခံနေရတဲ့ Indian လူမျိုးတစ်ယောက် ရောက်ရှိလာ ခဲ့ပြီးတော့ သူတို့ရဲ့ဆင်းရဲမှုများကို တင်ပြခဲ့ပါတယ်။ အဲ့ဒီလူရဲ့ပြောပြပုံအရ တောရွာဘက်မှာ British လူမျိုးများဟာ လယ်ကွင်းများကို သူတို့အလိုကျ ကုန်ကြမ်းအတိုင်း အင်ဒီဂိုများကိုသာ စိုက်ခိုင်းခဲ့ပြီး ထိုအင်ဒီဂိုများမှာ ရောင်းမထွက်ဘဲ ကျန်ရှိနေခဲ့ပါတယ်။ ထိုကဲ့သို့သောအခြေအနေမှာ English လူမျိုး များက စာနာသနားစိတ်ကင်းမဲ့စွာ လယ်ယာအငှားခများကောက်ခံပြီးတော့ ဆင်းရဲသူစိုက်ပျိုးရေးသမား များကို ဒုက္ခဖြစ်စေခဲ့ပါတယ်။ ထိုသို့ဒုက္ခများအပြင် စားစရာတောင်မရှိတော့ပဲ အငတ်ဘေးဆိုက်နေ ရကြောင်းလည်း ပြောပြခဲ့ပြီး Gandhi ကို ထိုနေရာသို့လိုက်လံကြည့်ရှုပေးပါရန် တောင်းဆိုခဲ့ပါတယ်။ Gandhi ထိုနေရာကို ရောက်တဲ့အခါမှာ Indian လူမျိုးများကို စတင်ပြီးတော့ ဆန္ဒပြခိုင်းပါတော့တယ်။ Gandhi ရောက်လာတဲ့ အချိန်ကနေစပြီးတော့ အလုပ်သမား လူတန်းစားများဟာ အလုပ်မလုပ်ကြတော့ပဲ စတင်ပြီးဆန္ဒပြခဲ့ကြတာကြောင့် English လူမျိုးများ အတော်အကြပ်တွေ့ခဲ့ကြပါတယ်။အဲဒီလိုမျိုးဆန္ဒပြမှုတွေ ပိုမိုပြင်းထန်လာတဲ့အတွက် နောက်ဆုံးမှာတော့ British လူမျိုးများဟာ အလျော့ပေးခဲ့ရပြီး Indian လူမျိုးများစိတ်တိုင်းကြ လယ်ယာစိုက်ပျိုးခွင့်ပေးခဲ့ပြီး လယ်ပိုင်ရှင်များကိုလည်း Indian လူမျိုးများထံမှ လယ်ယာငှားခွင့် အခွန်ငွေတောက်ခံမှုကို ရပ်ဆိုင်းရမယ်ဆိုပြီး အမိန့်ထုတ်ပြန်ခဲ့တဲ့အတွက် Indian လူမျိုးများ အနိုင်ရခဲ့ပါတယ်။

8အဲဒီလိုဖြစ်ပြီး နောက်ပိုင်းမှာတော့ British လူမျိုးများဟာ အကြောင်းမဲ့သက်သက် Gandhi ကို ထပ်မံပြီး အချုပ်ကြစေခဲ့ပြန်ပါတယ်။ အဲဒီအချိန်မှာပဲ Gandhi ရဲ့ လက်ထောက်ခေါင်းဆောင်များက လူစုပြီးတော့ Gandhi ကို လွတ်ငြိမ်းချမ်းသာပေးဖို့အတွက် တစ်စုံတစ်ခုပြုလုပ်ဖို့ တိုင်ပင်ခဲ့ကြပါတယ်။ English လူမျိုး ဗိုလ်ချုပ်တစ်ယောက်ဖြစ်တဲ့ General Meyer ဟာ အဲဒီစုဝေးနေတဲ့နေရာကို သွားရောက်ပြီးတော့ လူကြီး၊ လူငယ်၊ မိန်းမ၊ ယောကျာ်း၊ ကလေးမရွေးအကုန်လုံးကို သေနတ်ကျည်ဆန်ပေါင်းမြောက်များစွာနဲ့ ပစ်သတ် ခဲ့တဲ့အတွက် Indian လူမျိုးပေါင်း ၁၅၀၀ ကျော် သေဆုံးခဲ့ရပါတယ်။ ဒီလိုအခြေအနေမှာတော့ English လူမျိုးများ အတော်တုန်လှုပ်ခြောက်ခြားသွားပြီးတော့ Gandhi ကို ပြန်လည်လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ရ ပြန်ပါတော့တယ်။ အဲ့ဒီနောက်တစ်ဖန်မှာတော့ Gandhi ဟာ သူ့လူမျိုးများကို မိမိတို့လူမျိုးများရက်လုပ် သော အ၀တ်အထည်များကိုသာ ၀တ်ဆင်ကြဖို့နဲ့ Englsih တွေဆီကနေ အ၀တ်အထည်များဝယ်ယူ ၀တ်ဆင်ခြင်းကို ရပ်တန့်ကြဖို့ နှိုးဆော်ခဲ့ပြန်ပါတယ်။ ထိုသို့တိုက်တွန်းစဉ်မှာ သူပြောကြားခဲ့တာကတော့ အဘယ်သို့မျှကောင်းမွန်သော နိုင်ငံခြားဖြစ်အ၀တ်အထည်များကို မိမိတို့ကိုယ်မှာ ၀တ်ဆင်ထားပါစေ၊ ထို အ၀တ်အထည်များမှာ မိမိနှင့်မိမိလူမျိုးများကို စိတ်မချမ်းသာမှုများကို ဖြစ်စေပါက ထိုအ၀တ်အထည်များ ၀တ်ဆင်ထားခြင်းသည် အလကား မျှသာဖြစ်ပေလိမ့်မယ်လို့ ဆိုခဲ့ပြန်ပါတယ်။မိမိနိုင်ငံမှာရက်လုပ်သော မိမိတို့အ၀တ်အထည်များကို ဂုဏ်ယူဝင့်ကြွားစွာ ၀တ်ဆင်ကြရန်လည်း တိုက်တွန်းခဲ့ပြန်ပါသေးတယ်။ Gandhi ကို ဖခင်ကြီးသဖွယ် သဘောထားသူများဖြစ်ကြတဲ့ Indian လူမျိုးများဟာ Gandhi ရဲ့ တိုက်တွန်းမှု အတိုင်း သူတို့ပိုင်ဆိုင်မှုများထဲက နိုင်ငံခြားဖြစ်အ၀တ်အထည်များကို မီးရှို့ကာဆန္ဒပြကြပါတော့တယ်။

14 
ဒါပေမယ့်လည်း Gandhi ရဲ့ လှုံဆော်မှုတွေကြောင့် နိုးကြားထကြွလာသူများဟာ Gandhi ရဲ့ လမ်းစဉ်ဖြစ်တဲ့ ငြိမ်းချမ်းစွာတိုက်ခိုက်ခြင်းဆိုတဲ့ဝါဒီကို မေ့ပျောက်ပြီးတော့ အကြမ်းဖက်နည်း လမ်းများကိုပါ စတင်အသုံးပြုပြီး လွတ်လပ်ရေးကို တိုက်ခိုက်ခဲ့ကြပါတော့တယ်။ ငြိမ်းချမ်းရေးကို လိုလားသူ Gandhi ဟာ သူ့လူမျိုးများရဲ့ English ပိုင် ရဲစခန်းတစ်ခုကို မီးရှို့ပြီးအကြမ်းဖက် ခဲ့ကြောင်း သိရတဲ့နောက်မှာ လွန်စွာစိတ်မကောင်းဖြစ်ခဲ့ရပြီး သူ့လူမျိုးများအား ဆန္ဒပြမှုများကို ရပ်ဆိုင်းကြဖို့ ပြောဆိုဆုံးမခဲ့ပေမယ့်လည်း လိုက်နာခြင်းမရှိကြတဲ့အတွက် Gandhi ဟာ စတင်ကာ ဥပုသ်သီတင်းသီလ ဆောက်တည်ပြီးတော့ သူ့လူမျိုးများကို ပြန်လည်ထိန်းသိမ်း ခဲ့ရပါတယ်။ Gandhi က သူ့လူမျိုးများကို ပြောကြားခဲ့တာကတော့ Indian လူမျိုးများလူစုဝေးပြီး ဆန္ဒပြမှုများကိုမရပ်သရွေ့ သူဥပုသ်စောင့်ကာ သီတင်းသီလသုံးသွားတာ့မယ်လို့ ပြောခဲ့ပါတယ်။ Gandhi ရဲ့ လုပ်ဖော်ကိုင်ဖက်တစ်ဦးကတော့ Indian လူမျိုးများ အခုလိုအကြမ်းဖက်မှုကို အသုံးပြုရတာက An eye for an eye ဆိုတဲ့ ဆိုရိုးစကားအရ Indian လူမျိုးများဟာ နှိပ်စက် ခြင်းခံရခြင်းကြောင့်သာ ထိုသို့အကြမ်းဖက်ကာ လွတ်လပ်ရေးကို တိုက်ယူနေကြခြင်းဖြစ်ကြောင်း ပြောပေမယ့်လည်း Gandhi က  An eye for an eye, at the end it will make the whole world's blind လို့ ပြန်လည်ပြောဆိုခဲ့ပါတယ်။ Gandhi ကို ချစ်ခင်လေးစားကြတဲ့ Indian လူမျိုးများဟာ သူတို့ရဲ့ဖခင်ကြီး ပင်ပန်းဆင်းရဲခံကာ ဥပုသ်သီလ စောင့်တည်နေတာကို မကြည့်ရက်ကြတော့ပဲ သူတို့ရဲ့လွတ်လပ်ရေး လှုပ်ရှားမှုများကို ရပ်တန့်ခဲ့ကြပါတယ်။ ထိုကဲ့သို့ အကြမ်းဖက်လှုပ်ရှားမှုများ၊ ဆန္ဒပြမှုများကို ရပ်တန့်ပြီးကာစအချိန်မှာ အကြံကြီးလှတဲ့ English လူမျိုးများဟာ Gandhi ကို နောက်ထပ်တစ်ကြိမ် အချုပ်ချထိန်းသိမ်းခဲ့ပြန်ပါတယ်။ ဒီတစ်ခါမှာတော့ ရက်ပိုင်းမျှသာမဟုတ်တော့ပဲ ၆ နှစ်ခန့်ပင် အချုပ်စေခဲ့ကြပါတယ်။ English လူမျိုးတွေရဲ့ အကြံကတော့ Indian လူမျိုးများ Gandhi ကို မေ့ပျောက်သွားစေဖို့ပဲဖြစ်ပါတယ်။

9၆ နှစ်လောက် အကြာမှာတော့ Gandhi ပြန်လည်လွတ်ငြိမ်းချမ်းသာခွင့်ရခဲ့ပါတယ်။ ဒီ တစ်ခါမှာတော့ Gandhi ဟာ သူ့လူမျိုးများကို India ပင်လယ်ကရေမှ ဆားများကို ကိုယ်တိုင်ချက်လုပ်စေကာ ပြန်လည်ရောင်းချစေခဲ့ပြီး English လူမျိုးများကို တုန်လှုပ် စေခဲ့ပြန်ပါတယ်။ သူနေထိုင်ရာအရပ်ကနေ India ပင်လယ်ဆီကို ခြေကျင်လျှောက်လာတဲ့ လမ်းတစ်လျှောက်မှာလည်း Indian လူမျိုးတွေကိုအင်အားစုဝေးပြီးတော့ India ပင်လယ် ဆီကို လိုက်ပါလာစေခဲ့ပါတယ်။ ဒီလိုနဲ့ Indian လူမျိုးများရဲ့ ဆားလုပ်ငန်းအရေးတော်ပုံ စတင်ခဲ့ပြန်ပါတော့တယ်။ ဒီအကြောင်းကိုသိရှိလိုက်တဲ့ English လူမျိုးတွေဟာ Gandhi ကို နောက်တစ်ကြိမ်ထပ်မံ အချုပ်ချထိန်းသိမ်းပြီး  ငြိမ်းချမ်းစွာလွတ်လပ်ရေးအတွက် ကြိုးစားနေကြသူ Indian လူမျိုးများကို အကြောင်းမဲ့ရိုက်နှက်ပြီး ဆားလုပ်ငန်းအရေး တော်ပုံကို ရပ်တန့်စေခဲ့ပါတယ်။ စိတ်ဓာတ်ခိုင်မာပြီး ခေါင်းမာကြတဲ့ Indian လူမျိုးတွေဟာ အရှုံးပေးခြင်း၊ ရပ်တန့်သွားခြင်းမရှိပဲ ဆက်လက်ရှေ့တိုးကာ ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြရင်း ဒဏ်ရာရခဲ့ကြတဲ့ ယောက်ျားသားများကို မိန်းမသားများက ဆေးဝါးများထည့်ပေးကာ လွတ်လပ်ရေးအတွက် အပြင်းအထန်ကြိုးစားနေခဲ့ကြတဲ့ နောက်ဆုံးမှာတော့ English လူမျိုးများ မတတ်သာတော့ဘဲ Indian လူမျိုးများကို အလျော့ပေးလိုက်ရပြီး India နိုင်ငံအား လွတ်လပ်ရေးပြန်လည်ပေးရန်အတွက် စဉ်းစားတော့မည်ဟု ထုတ်ပြန်ကြေညာခဲ့ကာ ဆားလုပ်ငန်းအရေးတော်ပုံအား ရပ်တန့်စေခဲ့ပါတယ်။

Pakistan နှင့် India နှစ်နိုင်ငံ ဖြစ်ပေါ်လာရပုံ

13ဒီလိုမျိုး India တစ်နိုင်ငံလုံး လွတ်လပ်ရေးရဖို့အတွက် Gandhi အပြင်းအထန်ကြိုးစားခဲ့ရပေမယ့် အမှန်တကယ်တမ်း လွတ်လပ်ရေးရတဲ့အချိန်မှာတော့ English လူမျိုးတွေရဲ့စနက်ကြောင့် India နိုင်ငံကြီး တောင်နဲ့မြောက်ကွဲသွားပြီး Pakistan နဲ့ India ဆိုပြီး ဖြစ်လာခဲ့ရပါတယ်။ အဲလိုဖြစ်သွားခဲ့ရတဲ့ အကြောင်း အရင်းကတော့ English တွေဟာ Muslim လူမျိုးတစ်ယောက်ဖြစ်တဲ့ ဂျန်နဆိုတဲ့သူကိုစည်းရုံးပြီး India နိုင်ငံမှာ Muslim နဲ့ Hindu လူမျိုးဘာသာနှစ်စုရှိနေတဲ့အတွက် Gandhi ဟာ Hindu ဘာသာဝင် တစ်ယောက်ဖြစ်တာကြောင့် India ကို လွတ်လပ်ရေးပေးလိုက်ရင် Hindu ဘာသာဝင်များက Muslim များ ကို ညင်းပန်းနှိပ်စက်ကြမှာကို စိုးရိမ်တဲ့အတွက်ကြောင့် Indian လူမျိုး Muslim များအား သီးခြားစွာဖြင့် လွတ်လပ်ရေးပေးလိုကြောင်း မဟုတ်မဟတ်သွေးခွဲကာ Indian လူမျိုးများအား သွေးကွဲစေခဲ့ပါတယ်။ ဒီဖြစ်ရပ်ကြောင့် India နိုင်ငံကြီး တောင်နဲ့မြောက်ကွဲသွားပြီး ထိုနှစ်နိုင်ငံခြားမှာရှိတဲ့ ကာလာကတ်တား မြို့တော်မှာ ကာလာကတ်တားအရေးတော်ပုံကြီး စတင်ခဲ့ပါတယ်။ အဲ့ဒီအရေးတော်ပုံအတွင်းမှာ Hindu နဲ့ Muslim လူမျိုးများ သွေးကွဲသွားကြပြီး မိမိတို့လူမျိုးအချင်းချင်း ရက်စက်စွာသတ်ဖြတ်ခဲ့ကြတဲ့အထိဖြစ် သွားခဲ့ရပါတယ်။

15ဒီအဖြစ်အပျက်တွေကို သိလိုက်ရတဲ့ Gandhi ဟာ အလွန်စိတ်မကောင်းဖြစ်ကာ ကြေကွဲခဲ့ရပြီး ကာလာကတ်တားမြို့ကို သွားရောက်ကာ တစ်ခါထပ်မံ ဥပုသ်သီတင်းဆောက်တည်ပြီး သူ့လူမျိုး များအား ပစ်သတ်ရိုက်ခတ်ခြင်းများကို ရပ်စဲစေခဲ့ပါတယ်။ အစဦးပိုင်းမှာ ရပ်တန့်သွားခြင်းမရှိပေ မယ့် Gandhi ရဲ့ ဇွဲလုံ့လ၀ီရိယပြင်းထန်မှုတို့ကြောင့် Hindu များနဲ့အတူ Muslim များပါ လက်နက် ချခဲ့ပြီး ငြိမ်းချမ်းရေးကို ရရှိသွားကြပါတယ်။ အဲ့ဒီလိုလက်နက်ချချိန်မှာ Hindu လူမျိုးတစ်ယောက် ဟာ Gandhi အနားသို့ ချဉ်းကပ်ပြီးငိုကြွေးကာ Muslim လူတစ်ဦးက သူ၏သားလေးအား ရက်စက်စွာသတ်ဖြတ်သွားသဖြင့် Muslim များအား ပြင်းထန်စွာမုန်းတီးခဲ့တဲ့အတွက် သူကိုယ်တိုင် Muslim များအား သတ်လိုသဖြင့် ကာလာကတ်တား အရေးတော်ပုံမှာ ပါဝင်လှုပ်ရှားခဲ့ပြီးတော့ Muslim ကလေးများအား သတ်ဖြတ်မိခဲ့လို့ ငရဲမှာဒုက္ခခံကာ ပေးဆပ်ရတော့မယ်ဆိုပြီး ငိုကြွေးခဲ့ ပါတယ်။ အဲဒီအခါမှာ သဘောထားကြီးသူ Hindu ဘာသာဝင် Gandhi ဟာ ထိုငရဲမှ လွတ်မြောက် နည်းရှိပြီးတော့ အဲ့နည်းကတော့ ကာလာကတ်တား အရေးအခင်းကြောင့် မိဘများအားဆုံးရှုံး လိုက်ရသူ ကလေးငယ်တစ်ဦးအား မိမိရင်သွေးအဖြစ် သဘောထားပြီး ခေါ်ယူကျွေးမွေးစောင့် ရှောက်ခိုင်းခဲ့ပါတယ်။ ဒါ့အပြင် အဲလိုမျိုး မွေးစားမယ့်ကလေးမှာလည်း Muslim ဘာသာဝင်တို့ရဲ့ ကလေးငယ်တစ်ဦးဖြစ်ပါစေလို့ Gandhi မျက်ဝန်းအစုံတွင် မျက်ရည်ဝိုင်းကာ ထိုသူအား အကြံဥာဏ်ပေးခဲ့ပါတယ်။ ဒီလိုနဲ့ ကာလာကတ်တားအရေးအခင်းကြီး လုံးဝရပ်တန့်သွားပြီး Pakistan နဲ့ India လူမျိုးတို့ ချစ်ကြည်ရေးရရှိခဲ့ပါတယ်။


ရက်စက်စွာလုပ်ကြံခံခဲ့ရသော Mahatma Gandhi

11အရေးတော်ပုံများ ပြီးဆုံးသွားပြီး Indian လူမျိုးများ လွတ်လပ်ရေးပြန်လည်ရရှိကာ Hindu ဘာသာဝင်များနဲ့ Muslim ဘာသာဝင်များပါ စိတ်ကျေနပ်မှုရရှိခဲ့ကြပါတယ်။ ထိုကဲ့သို့ အရာရာအေးချမ်း တည်ငြိမ်နေတဲ့နေ့တစ်နေ့မှာပဲ Indian လူမျိုးများစုဝေးကာ စုပေါင်းဘုရားရှိခိုးကြမယ့်ပွဲတော်တစ်ခုမှာ လူအုပ်ကြားထဲကို မိုက်မဲပြီး အသိဥာဏ် ကင်းမဲ့လှတဲ့ လူတစ်ယောက်ဝင်ရောက်လာကာ စည်ကားလှတဲ့ လူအုပ်အလယ်မှာပဲ Gandhi ကို သေနတ်နဲ့ နှစ်ချက်တိုင်တိုင် ရက်စက်စွာပစ်ခတ်သတ်ဖြတ်ပစ်ခဲ့ပါတယ်။ ဒီလိုနည်းနဲ့ လူအများချစ်ခင်လေးစားရတဲ့ Gandhi ဟာ သူ့ကိုလေးစားတဲ့ Indian လူမျိုး များနဲ့အတူ သူကိုယ်တိုင်လွတ်လပ်ရေးရအောင် ကြိုးစားခဲ့တဲ့ India နိုင်ငံကြီးပါ ၁၉၄၈ ခုနှစ်၊ Janunary လ ၃၀ ရက်နေ့မှာ ထားရစ်ခဲ့ပါတော့တယ်။ လူအများရဲ့ ချစ်ခင်လေးစားခြင်းကိုခံခဲ့ရပြီး လေးစားအားထားစရာ အလွန်ကောင်းလှတဲ့ Gandhi ရဲ့ ဇာပနကိုတော့ Indian လူမျိုးများအပြင် English ဗိုလ်ချုပ်များပါ တက်ရောက်ခဲ့ပြီး Gandhi ရဲ့ နောက်ဆုံးခရီးကို လိုက်ပါပို့ဆောင် ခဲ့ကြပါတယ်။ အားလုံးရဲ့နိဂုံးဖြစ်တဲ့ Gandhi ရဲ့ ဘ၀ဇာတ်လမ်းရဲ့အဆုံးမှာတော့ Gandhi ဟာ အင်ပါယာလိုစစ်တိုက်ပြီး အကြမ်းဖက်နည်း ဗျူဟာတွေနဲ့ လွတ်လပ်ရေးကိုအရယူခြင်းထက် သည်းခံခြင်း၊ စစ်မှန်သောသစ္စာတရားကို ယုံကြည်ခြင်း၊ လူလူချင်းစာနာထောက်ထားခြင်း စတဲ့ နည်းဗျူဟာတွေနဲ့ လွတ်လပ်ရေးကိုတိုက်ယူတာဟာ ပိုပြီးစွမ်းအားရှိကာ အောင်မြင်နိုင်ကြောင်းကို သက်သေပြသွားတာ ပဲဖြစ်ပါတယ်။ Gandhi အမြဲပြောတတ်တဲ့ ဆောင်ပုဒ်တစ်ခုကတော့ ''Through all the history , the way of and truth and love has always won, There have been tyrants and murders.. and for a time , they can seem invincible ..but in the end they always fall..Think of it'' ပဲ ဖြစ်ပါတယ်။

အဲဒီဆောင်ပုဒ်လေးကို အမြဲပြောတတ်ပြီး India လူမျိုးများရဲ့ဘ၀ကို လွတ်လပ်စွာလှပနိုင်အောင် အလင်းရောင်ပေးခဲ့တဲ့ ပုဂ္ဂိုလ်ထူးပုဂ္ဂိုလ် မြတ်တစ်ယောက်ဖြစ်တဲ့ Gandhi ရဲ့ အကြောင်းကိုတော့ ဒီလောက်နဲ့ပဲ ကျေနပ်ကြလိမ့်မယ်လို့ထင်ပါတယ်နော်။ မပြည့်စုံမှုများ ရှိခဲ့ရင်လည်း နားလည်ခွင့်လွှတ်ပေးကြမယ်လို့ မျှော်လင့်ပါတယ်။ 

http://www.mymclub.net/main/index.php?option=com_content&view=article&id=460&Itemid=658
http://www.mymclub.net/main/index.php/know101/mahatma-gandhi/gandhi2
မှ ကူးယူဖော်ပြပါသည်။

လက်ရေးကိုကြည့်ပြီး ရေးတဲ့သူရဲ့အကြောင်း ပြောတဲ့နည်း

လက်ရေးကို ကြည့်ပြီး ရေးတဲ့သူရဲ့ အကြောင်း ပြောတဲ့နည်းကို "Graphology" လို့ခေါ်ပါတယ်။ ကိုယ်ရေး လိုက်တဲ့ စာ လုံးတွေက ကိုယ်ဘယ်လို လူမျိုးလဲ၊ ဘယ်လို စရိုက်မျိုး၊ စွမ်းရည်မျိုး ရှိလဲ ဆိုတာ ထင်ဟပ် နေပါတယ်။
အရင်တုန်းက ဦးစံရှား ၀တ္တုတွေမှာ လူတွေရဲ့ လက်ရေးကို ကြည့်ပြီး လူတွေအကြောင်း ခန့်မှန်းတာ ဖတ်ခဲ့ဖူး ကြမှာပါ။ လက်ရေးကို ကြည့်ပြီး ရေးတဲ့သူရဲ့ အကြောင်း ပြောတဲ့ နည်းကို "Graphology" လို့ခေါ်ပါတယ်။ မိမိ ဘယ်လို လက်ရေးမျိုးနဲ့ ရေးလိုက်ပါစေ ကိုယ်ရေး လိုက်တဲ့ စာ လုံးတွေရဲ့ သဘာဝ တွေက ကိုယ်ဘယ်လို လူမျိုးလဲ၊ ဘယ်လို စရိုက်မျိုး ရှိလဲ၊ ဘယ်လို စွမ်းရည်မျိုး ရှိလဲ အစရှိ သဖြင့် ကွဲပြား ခြားနားတဲ့ အ ချက်အလက်ပေါင်း ၅၀၀၀လောက်တောင် ပြောနိုင် ပါတယ်တဲ့။ ဆေးပညာ ဘက်မှာတော့ ရောဂါ ရှာဖွေ ဆန်းစစ်တဲ့ နေရာမှာ အကူအညီ နည်းပညာ တစ်ခု အနေနဲ့ သုံးကြ ပါတယ်။ ကဲဘယ်လို အသုံးပြု သလဲ၊ ဘာအချက်အလက် တွေပေါ် အမှီပြုပြီး ဆုံးဖြတ် ကြသလဲ။ သိချင်ရင် တော့ ပထမဆုံး စာတစ်ကြောင်း ချရေးလိုက်ပါ။ အင်္ဂလိပ် စာလုံး t, o, s, i , l , I ပါတဲ့ စာတစ်လုံးလောက် 'something' ပဲဖြစ်ဖြစ် ရေးချလိုက် ပါ။ ကဲဆက်ဖတ် ကြည့်ပါဦး။

Handwriting and Personality

စာလုံးအရွယ်အစား(Size)
စာလုံး အရွယ်အစားကို သုံးမျိုးခွဲ ကြည့်ကြပါစို့။ အရွယ် ကြီးကြီး၊ သာမန် အရွယ်နဲ့ အရွယ် ငယ်ငယ်လို့ သုံးမျိုး ရှိတယ် ဆိုကြပါစို့။ စာရေးရင် ကြီးမှ မြင်ရမှာ ဆိုပြီးစာလုံး ခပ်ကြီးကြီး ရေးတတ်တဲ့ သူမျိုးဟာ လူတွေပေါ် မှီခိုတတ် ပေမယ့် သွားသွား လာလာ နေတတ်ပြီး ပွင့်ပွင့် လင်း လင်းလဲ ပြောဆို နေထိုင်တတ် ပါတယ်။ မကောင်းတာ ကတော့ ကိုယ့်ကိုကိုယ် ယုံကြည်မှု အပြည့် ရှိတယ်လို့ ဟန်ဆောင် တတ်တာပါပဲ။ စာ ရေးရင် ပုံမှန် အရွယ်အစား လောက်ပဲ ရေးတတ်တဲ့ သူတွေ ကတော့ အကောင်းဆုံး ဖြစ်ပါတယ်။ သဘာဝနဲ့ လိုက်လျော ညီထွေ ရှိတတ်တဲ့ သူ တွေလို့ ဆိုပါတယ်။ စာလုံး ခပ်သေးသေး ရေးတတ်တဲ့ သူတွေ ကတော့ ဘယ်အရာ မဆို စူးစူးစမ်းစမ်းနဲ့ အသေးစိတ် ပေမယ့် ရှက်တတ်တဲ့ စရိုက် ဒါမှမဟုတ် လူတွေနဲ့ ခပ်ခွာခွာ နေတတ်တဲ့ စရိုက် ဆိုတဲ့ မကောင်းတဲ့ အချက် လေးတော့ ရှိနေတတ် ပါတယ်။

စာလုံး အကွာအဝေး (Spacing between words)
အခု မှာတော့ နှစ်မျိုးပဲ ရှိပါတယ်။ စာလုံး ခပ်ခွာခွာ ရေးတာနဲ့ စာလုံး ခပ်ကပ်ကပ် ရေးတာ ပါပဲ။ စာရေးရင် စာလုံး တစ်လုံးနဲ့ တစ်လုံး ခွာခွာနဲ့ ရှင်းရှင်းလေး ရေးတဲ့ သူကတော့ အဝေးပြေး လမ်းမကြီးမှာ တစ်စီးထဲ စိတ်ကြိုက် မောင်းနေတဲ့ ကားလိုပါပဲ။ လွတ်လွတ် လပ်လပ် နေရတာကို ကြိုက်ပါတယ်။ ဒါ့အပြင် ပတ်ဝန်းကျင်က လွှမ်းမိုး နေတာကို မကြိုက်ဘဲ သီးသန့် နေတတ်တဲ့ စရိုက်တွေလဲ ရှိနေတတ် ပါတယ်။ စာရေးရင် ခပ်ကျဉ်းကျဉ်းနဲ့ ရေးတတ်တဲ့ သူတွေကတော့ တစ်ယောက်တည်း မှိုင်တွေ နေတတ်တဲ့ သူတွေ မဟုတ်ပါဘူး။ အမြဲတမ်း ပတ်ဝန်းကျင်နဲ့ ထိ တွေ့ နေချင်ပြီး အမြဲ တက်ကြွ၊ ဆူဆူညံညံ နေတတ် ပါတယ်တဲ့။

Spacing between words

စာလုံးစောင်း မစောင်း (Slanting)
စာရေးရင် တချို့သော သူတွေက စောင်းရေး တတ်ပါတယ်။ ဘယ်ဘက်ကို စောင်းရေး တတ်တဲ့ သူတွေကတော့ ခပ်သိုသို သိတ်သိတ်နေ တတ်တဲ့ သူတွေ ဖြစ်ကြပြီး ဘယ်အလုပ် မဆို ရှေ့ထွက်ရတဲ့ အလုပ်ဆို မလုပ်တတ် ကြပါဘူး။ ဒါပေမယ့် အဆိုပါ ဘယ်ဘက်စောင်း ရေး တတ်တဲ့ သူဟာ ညာသန် ဖြစ်နေခဲ့ ရင်တော့ ဂွကျကျ နေထိုင် ပြောဆို တတ်တဲ့ သူတွေပါတဲ့။ ဘယ်ဘက် ပြီးတော့ ညာဘက် စောင်းကြ ပါစို့။ စာလုံးတွေကို ညာဘက် စောင်းပြီး ရေးတတ်တဲ့ သူတွေဟာ အတွေ့အကြုံသစ်၊ မိတ်ဆွေ ရောင်းရင်း သစ်တွေ အမြဲ ရှာနေတတ်တဲ့ သူတွေ ဖြစ် ပါတယ်တဲ့။ ကောင်းမွန်တဲ့ အချက်ပါပဲ။ စာလုံး တွေကို တိုင်တွေကို ဖြောင့်မတ်စွာ ရေးတတ်တဲ့ သူတွေ ကတော့ မိမိ ခံစားချက် တွေကို ချုပ် တည်း တတ်တဲ့သူ တွေဖြစ်ပြီး လက်တွေ့ကျကျ တွေးပြီး လုပ်ကိုင် တတ်တဲ့ သူတွေ ဖြစ်ပါတယ်။

စာလုံး တွေရဲ့ ပုံစံ (Shape of letters)
ဘယ်သူပဲ ဖြစ်ဖြစ် စာရေးရင် သုံးမျိုး၊ သုံးစားသော စာလုံးပုံစံကို တွေ့ဖူး ကြမှာပါ။ ခပ်ဝိုင်းဝိုင်း စာလုံး ပုံစံရယ်၊ ထောင့်ကျိုး ထောင့်ကွေး တွေနဲ့ ခပ်ချွန်ချွန် စာလုံး ပုံစံရယ်နဲ့ စာလုံး တစ်လုံးနှင့် တစ်လုံး ထိနေတဲ့ စာလုံး ပုံစံတွေပါ။ ခပ်ဝိုင်းဝိုင်း ရေးတတ်တဲ့ သူတွေ ကတော့ အနုပညာ ဗီဇ ပါလာတဲ့ သူတွေလို့ ပြောလို့ရ ပါတယ်။ တီထွင် တတ်တဲ့ ဦးနှောက်ရယ်၊ ကဗျာဆန်တဲ့ အတွေးအခေါ်တွေ ရှိတတ်ကြ ပါတယ်တဲ့။ ခပ်ချွန်ချွန် စတိုင်နဲ့ ရေးတတ်တဲ့ သူတွေ ကတော့ စိတ်ဆတ်ပြီး အရာရာကို အလေးထား သံသယ ရှိတတ်တဲ့ ဗီဇရှိ တတ်ပေမယ့် အရမ်းတော်တဲ့ သူတွေ ဖြစ်နေတတ် ပါတယ်။ စာလုံးဆက်တွေ ရေးတတ်တဲ့ သူတွေကတော့ စနစ်တကျနဲ့ ဆုံးဖြတ်ချက် တွေကို သေသေချာချာနဲ့ မှန်မှန်ကန်ကန် ပြု လုပ်တတ်တဲ့ သူတွေ ဖြစ်ပါတယ်တဲ့။

စာလုံးအ၀ိုက် (Looping)
အခု ခေါင်းစဉ် မှာတော့ အင်္ဂလိပ် သင်္ကေတ ဖြစ်တဲ့ l နဲ့ e ကိုရွေးပြီး ပြောပါရစေ။ l ကိုရေးတဲ့ အခါမှာ ၀ိုက်တဲ့နေရာ ခပ်ကျဉ်းကျဉ်း ရေး တတ်တဲ့ သူတွေဟာ ကိုယ့်ကိုကိုယ် ထိန်းချုပ် လွန်းသူတွေ ဖြစ်ပြီး အဲဒါနဲ့ပဲ စိတ်ဖိအားတွေ ရနိုင်ပါ တယ်တဲ့။ l ကိုရေးတဲ့အခါ ခပ်ကျယ်ကျယ် ၀ိုက်ရေးတတ်တဲ့ သူတွေဟာ အမြဲ စိတ်အေးအေးနဲ့ စိတ်ရှင်းရှင်း နေတတ်ပြီး လုပ်ချင် တာရှိရင် အချိန် မဆိုင်းဘဲ ထလုပ်တတ်တဲ့ သူတွေ ပါတဲ့။ စာလုံး e ကိုခပ်ကျဉ်းကျဉ်းနဲ့ ၀ိုက်ရေးတတ်တဲ့ သူတွေ ကတော့ တခြားသူ တွေကို အမြဲသံသယ ရှိနေတတ်ပြီး ပတ်ဝန်းကျင် လွှမ်းမိုး တာ မခံရအောင် နေတတ်တဲ့ သူတွေ ဖြစ်ပါတယ်။ e ကိုခပ်ရှည်ရှည် ၀ိုက်တဲ့ သူတွေ ကတော့ ခပ်ဘွင်းဘွင်း နေတတ်ပြီး အတွေ့အကြုံ သစ်တွေ တွေ့ကြုံ ရတာကို ကြိုက်နှစ်သက်တဲ့ သူတွေ ဖြစ်ပါတယ်တဲ့။

Shape of letters

စာလုံး i ရဲ့အစက် (dotting your i's)
စာလုံး i ကိုရေးတဲ့ အခါမှာလည်း စာလုံးရဲ့ အပေါ်က အစက်ချ တဲ့အခါ မတူကြပါဘူး။ အစက်ကို ချရာမှာ ခပ်မြင့်မြင့် ချတတ်တဲ့ သူတွေက စိတ်ကူးမြင့်မြင့် ရှိသူတွေ၊ ခပ်စောင်းစောင်း အစက်သမား တွေက စိတ်မရှည် တတ်ဘဲ အမှားကို သင်ခန်းစာ မယူတတ်သူတွေ၊ ဘယ်ဘက် နားမှာ အစက်ချ တတ်တဲ့သူ တွေကတော့ အပျင်းထူ သူတွေ၊ အစက်ကို ၀ိုင်းပြီးချသူ တွေကတော့ ကလေးဆန် သူတွေ၊ ပုံမှန် အစက်ချတတ် သူတွေ ကတော့ အရာရာကို သတိနဲ့ ပြောဆို လုပ်ကိုင် တတ်သူ တွေလို့ အသီးသီး ခန့်မှန်းလို့ ရပါတယ်တဲ့။

စာလုံး t ရဲ့ အဖြတ် (Crossing your t's)
စာလုံး t ရဲ့အဖြတ်ကို ရေးရာမှ အပေါ်ဘက် ကျကျ ရေးတတ်တဲ့ သူတွေဟာ ရည်ရွယ်ချက် ကြီးမားပြီး အကောင်းမြင်စိတ် ရှိသူတွေ၊ ပုံမှန် အလယ် တည့်တည့်မှာ ဖြတ်တတ်တဲ့ သူတွေ ကတော့ အမြဲ ယုံကြည်ချက် ရှိနေသူတွေ၊ အဖြတ်ကို ခပ်ရှည်ရှည် ဆွဲတဲ့ သူတွေဟာ စိတ်ပြတ် သားပြီး အတိတ်ကို မှတ်သား ထားတတ် သူတွေ၊ အဖြတ်ကို ခပ်တိုတို ဆွဲတတ်သူ တွေကတော့ေ၀၀ါးတဲ့ ဆုံးဖြတ်ချက် တွေနဲ့ အပျင်း ထူသူ တွေပါတဲ့။

စာလုံး o ရဲ့ အဖွင့်အပိတ် (Open & closed o's)
စာလုံး o ကိုရေးတဲ့ အခါ လုံးဝပိတ်အောင် ရေးတတ်တဲ့ သူတွေက အမြဲ သီးသီးသန့်သန့် နေတတ်ပြီး ခံစားချက် တွေကို လွယ်လွယ်နဲ့ ဝေ မျှတတ်တဲ့ သူတွေ မဟုတ်ပါဘူး။ o ကို  ရေးရင် ခပ်ဖွင့်ဖွင့် ရေးတတ်တဲ့ သူတွေ ကတော့ စကားများပြီး အပေါင်းအသင်း ပေါတတ် ပေမယ့် လျှို့ဝှက် ရမယ့် ကိစ္စတွေကို မလျှို့ဝှက် နိုင်တဲ့ အကျင့်ဆိုး ရှိပါတယ်။

Crossing your t's

စာလုံးဆက် s (Lower case cursive 's')
စကားဆက် s ကိုရေးရင် ခပ်ဝိုင်းဝိုင်း ရေးတတ်တဲ့ သူတွေက ပေါင်းတတ် သင်းတတ် တဲ့သူတွေ၊ အောက်ဘက်ကို ခပ်ရှည် မျောမျော ရေး တတ်သူ တွေက အရာရာကို စိန်ခေါ်ချင် သူတွေ၊ အောက်ဘက်ကိုပဲ ၀ိုက်ရေးတတ်တဲ့ သူတွေက အရာရာကို နှလုံးသားထက် ဦးနှောက် ကို ဦးစားပေး တတ်သူ တွေလို့ အဓိပ္ပါယ် ဖွင့်ထား ပါတယ်။

စာပိုဒ်အနေအထား (Page margins)
စာရေးတဲ့အခါ ဘယ်ဘက်ကို ခွာပြီး ရေးတတ်သူ တွေဟာ အတိတ်မှာ နေတဲ့သူ တွေဖြစ်ပြီး ညာဘက်ကို ခွာပြီး ရေးတတ်တဲ့ သူတွေ ကတော့ ဘာကိုကြောက် နေမှန်း မသိလောက်အောင် အနာဂတ်ကို စိုးရိမ်နေ တတ်သူတွေ ဖြစ်ပါတယ်။ ပုံမှန်အတိုင်း စာမျက်နှာ အပြည့် ရေးတတ်သူ တွေကတော့ လက်ရှိ ကိုပဲ စူးစူး စိုက်စိုက် ရှိသူတွေပါတဲ့။

ဖိအား (Pressure)
စာရေးရင် ဖိရေးတတ်တဲ့ သူတွေဟာ ကိစ္စတိုင်းကို အလေးပေး လုပ်တတ် ပါတယ်။ အမြဲ တက်ကြွ နေတတ်ပြီး ဝေဖန်မှု တွေကို ချက်ချင်းလို တုံ့ပြန် တတ်တဲ့ ဓလေ့ ရှိပါတယ်။ ခပ်ဖော့ဖော့ ရေးတတ်သူ တွေဟာ သူတစ်ပါး ခံစားချက် တွေကို အလွယ်တကူ သတိပြု တတ်သူတွေ ဖြစ် ပေမယ့် အမြဲ ထိုင်းမှိုင်း နေတတ် ပါတယ်တဲ့။

Lower case cursive 's'

အမြန် (Speed)
စာရေးရင် ခပ်မြန်မြန် ရေးတတ်တဲ့ သူတွေဟာ အရာရာကို စိတ်မရှည် သလို စောင့်နေ ရတာ ကိုလည်း ကြိုက်နှစ်သက် သူတွေ မဟုတ်ပါဘူး။ အေးအေးဆေးဆေး စာရေး တတ်သူ တွေကတော့ ကိုယ့်ကို ကိုယ်သာ အားကိုး တတ်ပြီး လက်တွေ့ကျကျနဲ့ စုစုစည်းစည်း လုပ်ဆောင်တတ် သူ တွေပါတဲ့။

လက်မှတ် (Signature)
လက်မှတ် မှာလည်း ဖြစ်သလို ထိုးတတ်တဲ့ သူတွေဟာ လျှို့ဝှက်ချက် များသူတွေ ဖြစ်လေ့ရှိပြီး လှလှပပ ကျော့ကျော့မော့မော့ ထိုးတတ်တဲ့ သူတွေ ကတော့ ယုံကြည်မှု ရှိတာ အမြဲ ပေါ်လွင် နေတတ်သူ တွေပါတဲ့။

စာလုံး I နဲ့ရည်ညွန်းခြင်း
မိမိကိုယ်ကို ရည်ညွန်း တဲ့အခါမှာ "I" ကိုသုံးပါတယ်။ ဒါပေမယ့် "I" ကိုရေးတဲ့ အခါ အခြား အက္ခရာ အကြီးထက် ကြီးပြီး ရေးတတ်သူ တွေဟာ တစ်ကိုယ် ကောင်းဆန် သူတွေ ဖြစ်ပြီး အခြား အက္ခရာထက် သေးပြီး ရေးတတ်သူ တွေကတော့ ပျော်ပျော်ရွှင်ရွှင် နေတတ် သူတွေ ဖြစ်ပါ တယ်။

Obama Signature

မှန်ရဲ့လား။ ဖော်ပြပါ လက်ရေးကို ဖတ်ပြီး လူတွေရဲ့ စရိုက်ကို ပြောတဲ့နည်းကို စာဖတ်သူများ အနေနဲ့ သူငယ်ချင်း၊ မိတ်ဆွေ များအပေါ် အ ပျော် သဘော အနေနဲ့ စမ်းသပ် ကြည့်ကြပါ။ ဒါပေမယ့် အတည်တော့ မယူကြပါနဲ့။ တစ်ခါတစ်လေမှာ အတွင်းစိတ်နဲ့ အပြင် သဘာဝဟာ တစ် ခြားစီ ဖြစ်နေတဲ့ သူတွေလည်း ရှိကြပါတယ်လို့ ပြောရင်း နိဂုံးချုပ် လိုက်ရ ပါတယ်။

Images from markamerica, blog.fonts, dailymail, anke.tw, graphology.it. Source: mnn.com

http://www.mymclub.net/main/index.php/mymhot/item/handwriting-and-personality မှ ကူးယူဖော်ပြပါသည်။

ဒို့ရွာသမိုင်း - မင်းသုဝဏ်



                                                သူတို့လာမှ
                                                ဒို့ရွာသမိုင်း၊ အဖြစ်ရိုင်းသည်။
                                                တွေးတိုင်း တောက်ခေါက်မိသတည်း။
                                             
                                                ငါတို့ရွာတွင်
                                                မိုးခါမိုးလျောက်၊ ငါး ဖားလောက်၏။
                                                ဆောင်းလျောက်ဆောင်းခွင်၊ သီးပွင့်ရွင်၏။
                                                နွေလျှင်စုံတော၊ ဟင်းရွက်ပေါ၏။
                                               
                                                သူတို့လာမှ
                                                ဒို့ရွာအိုင်အင်း၊ ငါး ဖားကင်းခဲ့။
                                                စိုက်ခင်းစင်းအုံ၊ သီးပွင့်ကုန်ခဲ့။
                                                တောစုံမြိုင်ကြား၊ ဟင်းရွက်ရှားခဲ့။

                                                ငါတို့ရွာတွင်
                                                ရှေးခါအရှက်၊ အကြောက်ဖက်၍။
                                                ကျင့်ပျက်အမှု့၊ မကောင်းစုကို။
                                                ပြုခဲ ပြောခဲ၊ တွေးကြံခဲ၏။

                                                သူတို့လာမှ
                                                ချော့ကာတမျိုး၊ ခြောက်တမျိုးနှင့်။
                                                ကျင့်ရိုးပျက်အောင်၊ မျှားသွေးဆောင်၍။
                                                ယောင်ယောင်မှားမှား၊ ကျင့်ပျက်ပြားခဲ့။
                                             
                                                တတ်တခေါက်ခေါက်၊ စိတ်နောက်နောက်နှင့်
                                                တယောက်တမျိုး၊ ထဲကြံခိုး၍
                                                တိုးတိုးတိတ်တိတ်၊ အတွင်းကျိတ်လျှက်
                                                စိတ်ချင်းညှိကာ၊ သွေးညှိကာလျှင်
                                                ညီညာသောလိုက်၊ အချိန်ဆိုက်သော်
                                                ကောက်စိုက်ဆူးတံ၊ ကောက်ဆွလှံနှင့်
                                                ဝါးချွန်ကိုင်ဆွဲ၊ ဓါးကိုင်ဆွဲ၍
                                                ရွာထဲရွာပြင်၊ တောတခွင်၌
                                                မြို့ထဲမြို့ပြင်၊ ပြည်တခွင်၌
                                                သမင်ကိုကျား၊ ချောင်းသောလားသို့
                                                စောင့်စားထိုးခုတ်၊ ရန်မျိုးဖြုတ်က
                                                မျိုးရုတ်လူညစ်၊ သူကောင်းပစ်လျှက်
                                                လစ်သည်လွတ်ရာ၊ လွတ်ကြောင်းရှာသော်
                                                ဒို့ရွာသမိုင်း၊ အဖြစ်ရိုင်းမှ
                                                ရှိတိုင်းအမှန်၊ ထွန်းသစ်ပြန်သည်
                                                တော်လှန်ရေး၏၊ ကျေးဇူးတည်း။ ။
                                                   (မင်းသုဝဏ်)
http://www.mmteashop.com/index.php?topic=1719.0 မှ ကူးယူဖော်ပြပါသည်။

"သားမြေးတို့တွက် ကြိုးစားစို့ " - မင်းသုဝဏ်



• ငါ သာလျှင် တော် ၊ သူ မတော် ဟု
လူတော် ထင်ပါ ၊ တို့မြန်မာကို
ဘယ်ခါ ဆယ်၍ ရမလဲ ၊၊

• ကြွားရင်းနှင့် နစ် ၊ ဝါးရင်း နစ်သည့်နစ်လျက်နေပါ ၊ တို့မြန်မာကို
ဘယ်ခါ ဆယ်၍ ရ မလဲ ၊၊

• အကောင်း ဆိုးထင် ၊ ဆိုး ကောင်းထင် နှင့်
အထင်လွဲပါ ၊ တို့မြန်မာကို
ဘယ်ခါဆယ်၍ ရမလဲ ၊၊

• သူ့ကို ငါညှိုး ၊ ငါ့ သူညှိုးနှင့်
အညှိုးကြီးပါ ၊ တို့မြန်မာကို
ဘယ်ခါ ဆယ်၍ ရမလဲ ၊၊

• ညည်း၍ မပြီး ၊ ညူ မပြီးဘူး
အပြီးတကာ ၊ လုပ်နိုင်ပါမှ
တော်ရာရောက်လိမ့် နောင်အဖို့ ၊၊
နိုးကြ ထကြ မြန်မာတို့ ၊၊
သားမြေးတို့တွက် ကြိုးစားစို့ ၊၊ ၊

( မင်းသုဝဏ် )

http://www.mmteashop.com/index.php?topic=1719.0 မှ ကူးယူဖော်ပြပါသည်။
 

ဖိုးမောင်လာပြီ - မင်းသုဝဏ်


မှိုင်းညို့  ညဥ့်ရိပ်၊ လူခြေတိတ်၌
ရေဆိပ် အနား၊ ရွာတံခါးမှ
ဂုတ်ကျား ကျယ်လောင်၊ ဆီးကြို ဟောင်သော်
ဖိုးမောင်လာပြီ ဆိုကြသည်။

ဟောင်သံရပ်၍
ထက်ကြပ်ပေါ်လာ၊ အသံမှာကား
ညခါ ငါးထောင်၊ မောင်ဖိုးမောင်သည်
ရွာတောင်ချောင်းက ပြန်ခဲ့ပြီ။

ဖိုးမောင် သံ့ကြား၊ ကင်းသမားက
တံခါးကြီးအောက်၊ မလွယ်ပေါက်ကို
တယောက်ဝင်သာ၊ ဖွင့်လိုက်ပါသော်
ယာတွင် အုပ်ဆောင်း၊ ၀ဲ တက်ချောင်းနှင့်
ခါးစောင်း ကိုယ်ကိုင်း၊ ငါးပလိုင်းကို
လွယ်သိုင်းပြီးလျှင်၊ ရွာကိုဝင်သည်
လူပင်လေလား၊ တစ္ဆေလား။

တစ္ဆေမကြောက်၊ မြွေမကြောက်ပဲ
တယောက်တည်းပင်၊ ညဥ့်မှောင်တွင်၌
သူလျှင် ငါးရှာ၊ မကျွေးပါက
ထိုရွာသူသား၊ လူအများတို့ 
ငါးစို ငါးစိမ်း ငတ်ပေလိမ့်။

ဆောင်းတည၌
ချမ်းမြစိမ့်အေး၊ လခြမ်းကွေး၍
ရွာဘေးကျီပျက်၊ မှောင်နက်နက်မှ
ဇီးကွက်က အော်၊ တောက်တဲ့ ကြော်စဉ်
ရွာပေါ်လွှမ်းအောင်၊ ဂုတ်ကျားဟောင်သည်
ဖိုးမောင်လာချိန် ပါတကား။

သို့ ဖြစ်သော်ငြား၊ ခါတပါးသို့ 
တံခါးဝင်လို၊ သူမဆိုပဲ
မောင်းကိုထုပါ၊ လူစုပါဟေ့
ရွာကိုဘေးမှ၊ ကာကွယ်ကြလော့
ဒမြ ငါ့အား၊ ဖမ်း၍ထားဟု
စကားမဆုံး၊ ဟစ်အော်တုန်းတွင်
ဒိုင်းဒုန်း ဒိန်းသံ၊ ရွာလုံးညံသည်
ချောင်းယံပဲ့တင် ထပ်သတည်း။

ဖိုးမောင်နိဂုံး၊ ဤတွင်ဆုံးလည်း
ရွာလုံးစိတ်တွင်၊ ဖိုးမောင်ဝင်၍
ပဲ့တင်ထပ်ကာ၊ ဟည်းလျှက်ပါတည့်
ဘယ်ခါမဆို၊ ဆီးလင့်ကြိုသို့ 
မှိုင်းညို့ ညဥ့်ရိပ်၊ လူခြေတိတ်၌
ရေဆိပ်အနား၊ ရွာတံခါးမှ
ဂုတ်ကျား ကျယ်လောင်၊ ရမ်းရော်ဟောင်သော်
ဖိုးမောင်လာပြီ ဆိုဆဲပင်။
                       

မင်းသုဝဏ်
၁၉၆၂ ခုနှစ်

Wednesday, October 16, 2013

ဘိန်းဖြူ အစားထိုး အဖြစ် သုံးစွဲနေကြတဲ့ "KROKODIL"

ဘိန်းဖြူ အစားထိုး အဖြစ် သုံးစွဲနေကြတဲ့ "KROKODIL"


အောက်တိုဘာ ၁၅ ရက် ၂၀၁၃

ကမ္ဘာ့ကြောက်မက်ဖွယ် အကောင်းဆုံး မူးယစ်ဆေးပါ။ flesh-eating drug လို့တောင် တင်စား ခေါ်နေကြပြီး တားဆီးဖို့ အသည်းအသန် ကြိုးစား နေကြပါတယ်။ ဘိန်းဖြူဆိုတဲ့ မူးယစ်ဆေးဟာ အရင်လို လွယ်လွယ် ရောင်းဝယ်လို့ မရတာကြောင့် တခြားဆေးဝါး တွေကို အစားထိုး အသုံးချ လာပါတယ်။ 


အခု အခါလည်း US မှာတဖြည်းဖြည်း သုံးစွဲမှု ကြီးမားလာပြီး အန္တရာယ် အဆင့်ရှိတဲ့ ဆေးတစ်မျိုး အကြောင်းကို ဖော်ပြသွား မှာပါ။ အရင်က မူးယစ်ဆေး ဆိုတာ ဘိန်းဖြူ တစ်မျိုး တည်းလို့ သိကြတာပါ။ ဆေးပြား တွေလို ပုံစံမျိုး နဲ့ကော၊ အမှုန့်နဲ့ကော သုံးစွဲကြ သလို ဆေးလိပ်လို ဟာ မျိုး မှာလည်း ထည့်လိပ် ပြီးတော့ ရှုကြတာတွေ ရှိပါတယ်။ တချို့ကတော့ ဆေးထိုးအပ်နဲ့ ကိုယ်ထဲ ထိုးသွင်း ကြပါတယ်။ တရား ဥပဒေနဲ့ ငြိစွန်းပြီး နိုင်ငံတကာက အစွမ်းကုန် တိုက်ဖျက်လာ တာကြောင့် ပေါ်ပေါ်တင်တင် ထုတ်လုပ် ရောင်းဝယ်ဖို့ ခက်လာ ပါတယ်။ 

ဒီလိုနဲ့ ဘိန်းဖြူ လိုမျိုးလည်း ဇယားမရှုပ်၊ တရားဝင်လည်း ၀ယ်လို့ရတဲ့၊ အာနိသင်လည်း တူတူနီးပါး ရတဲ့ဟာမျိုး တွေကို အစားထိုး လာကြ ပါတယ်။ ဥပမာ ဆိုရရင် ကော်ရှုကြ တာမျိုးပါ။ နောက်တစ်မျိုး ကတော့ လူကို မူးစေတဲ့ အာနိသင် ရှိတဲ့ တရားဝင်ဆေး တွေပါ။ ဆေးဆိုင်လို ဟာမျိုး မှာတောင် ၀ယ်လို့ရလို့ အန္တရာယ် ကြီးပါတယ်။ အကျဉ်းချုပ် ရရင် လူတွေဟာ မူးယစ်ဆေးကို နည်းလမ်း အမျိုးမျိုးနဲ့ သုံးစွဲကြတယ် ဆိုတာပါပဲ။ ယခုအခါ မှာလည်း ကိုယ်ထဲကို ဆေးထိုးအပ်နဲ့ ထိုးသွင်းပြီး သုံးစွဲတဲ့ "Krokodil" ဆိုတဲ့ မူးယစ်ဆေး တစ်မျိုး ပေါ်လာ ပါတယ်။ မူရင်း ထင် ရှားတဲ့ Russia ကလာတဲ့ ဒီမူးယစ်ဆေးဟာ ရုရှားလို မိကျောင်းလို့ အဓိပ္ပါယ် ရပါတယ်။ 

US က Chicago ဆင်ဖြေဖုံး ရပ်ကွက် တွေမှာ ၈ဒေါ် လာ လောက်နဲ့ ၀ယ်လို့ရပြီး ၂၅ ကနေ ၃၀ဒေါ်လာ အထိ ပေးရတဲ့ ဘိန်းဖြူနဲ့ စာရင် အများကြီး ဈေးသက်သာ တာကြောင့် လူကြိုက်များ ပါတယ်။ ချောင်းဆိုး ပျောက်ဆေး Codeine ဆေးပြား၊ Iodine နဲ့တခြားသော ပေါပေါရတဲ့ အရည် တချို့ကနေ လွယ်လွယ် ပြုလုပ်ထား တဲ့ဒီ Krokodil ဆေးဟာ Morphine လိုမျိုး အစွမ်း ရှိပါတယ်။ ဒါပေမယ့် ဘယ်မူးယစ်ဆေး မဆို ကောင်းကျိုး မပေးပါဘူး။

 အဲဒီဆေးဟာ အ သားတွေကို ပုပ်ပြဲစေ သလို အသား တွေကို အစိမ်းရောင် သဲ့သဲ့ တဖြည်းဖြည်း ပြောင်းစေ ပါတယ်။ အဆိုးဆုံး ကတော့ အသားတွေ ပုပ်ပြဲလာ တာကြောင့် အရေပြား အောက်က အရိုးတွေ၊ ကြွက်သားတွေ အတိုင်းသား မြင်ရပြီး ပြင်ပရောဂါ တွေပါ
 ကူးစက်လာ တာပါပဲ။

 flesh-eating drug လို့တင်စား ခေါ်ဝေါ် နေကြပါတယ် အခုဆိုရင် Krokodile ပျော်စံရာ Chicago ကဆရာဝန် တွေဟာ ဆေးရဲ့ ဘေးဥပါဒ်ကြောင့် ဖြစ်တဲ့ ရောဂါတွေကို အသည်းအသန် ကုသနေ ရတဲ့ ဘ၀ ရောက်နေ ပါတယ်။ ကံဆိုးလို့ သွားရာ မိုးလိုက်လို့ရွာ ဆိုသလိုပါပဲ။ Arizona နဲ့ Utah ပြည်နယ် တွေကိုလဲ အဲဒီဆေးတွေ ပျံ့နှံ့ နေပါပြီ။ မီဒီယာ တွေရော၊ အစိုးရ ကပါ သတိပြု မိလာ တာကြောင့် မကြာခင်မှာ ထိရောက်တဲ့ စစ်ဆင်ရေး တွေနဲ့ ဖြေရှင်း သွားဖို့ ကိုတော့ မျှော်လင့် ရပါဦးမယ်။ 

ဘိန်းဖြူမှ မဟုတ်ပါဘူး။ မူးယစ် စေတဲ့ ဆေးမှန်သမျှ အားလုံး ဝေးဝေးက ရှောင်သင့် ပါတယ်။
 ရှောင်ကြဉ်ရုံ တင်မကပဲ သူတစ်ပါးတွေ ရောင်းဝယ်တာ၊ သုံးစွဲတာတွေ တွေ့ရှိမိရင် သက်ဆိုင်ရာကို အမြန် သတိပေး သင့်ပါတယ်။ ဒါမှ ကျွန်တော်တို့ ကမ္ဘာကြီးဟာ မူးယစ်ဆေး ကင်းစင်တဲ့ သာယာတဲ့ လောကကြီး တစ်ခု ဖြစ်လာ မှာပါလို့ တိုက်တွန်းရင်း နိဂုံးချုပ် လိုက်ရ ပါတယ် ခင်ဗျာ။

အလင်းရှင်(မြန်မာပြည်သား ဖေ့ဘုတ်စာမျက်နှာ)